"MPU" ကဒ်ဖြင့် ငွေပေးသွင်းရန်အတွက် လိုအပ်သည့်အဆင့်များ
အဆင့်(၁) ငွေပေးသွင်းနိုင်ရန်အတွက် MPU Card အား သက်ဆိုင်ရာဘဏ်တွင် e-commerce “ON” ထားသည့် ကတ်ဖြစ်ရန်လိုအပ်ခြင်း၊
အဆင့်(၂) ဖော်ပြထားသည့် Terms and Conditions အား ဖတ်ရှု၍ သဘောတူပါက “Agree” နေရာတွင် Click နှိပ်၍ Continue ကို ဆက်လက်၍ Click နှိပ်ရန်၊
အဆင့်(၃) OTP Code အား ရယူနိုင်ရန်အတွက် MPU Card No. နှင့် Expire Date များအား ဖြည့်စွက်၍ “ GET OTP” အား Click နှိပ်ရန်၊
အဆင့်(၄) OTP Code ကို MPU Card အား e−commerce “ON”ရာတွင် အသုံးပြုခဲ့သည့် Email Address ဖြင့် ဝင်ရောက်ကြည့်ရှု၍ ရယူရန်၊
အဆင့်(၅) OTP Code ရရှိပြီးပါက သတ်မှတ်ထားသော အချိန်အတွင်း OTP Code ဖြည့်စွက်ရမည့်နေရာတွင် ဖြည့်စွက်၍ “Confirm Payment” အား Click နှိပ်ရန်၊ Approve ဖြစ်ပါက Continue အား ဆက်လက်၍ Click နှိပ်ရန်၊

"Visa, Master, JCB နှင့် UnionPay" ကဒ်များဖြင့် ငွေပေးသွင်းရန် လိုအပ်သည့်အဆင့်များ
အဆင့်(၁) ငွေပေးသွင်းနိုင်ရန်အတွက် Visa, Master, JCB or UnionPay Card များအား သက်ဆိုင်ရာဘဏ်တွင် ပြုလုပ်ရန်လိုအပ်ခြင်း၊
အဆင့်(၂) ဖော်ပြထားသည့် Terms and Conditions အား ဖတ်ရှု၍ သဘောတူပါက “Agree” နေရာတွင် Click နှိပ်၍ Continue ကို ဆက်လက်၍ Click နှိပ်ရန်၊
အဆင့်(၃) OTP Code ရယူနိုင်ရန်အတွက် Card No., Expire Date, Card holder name နှင့် Security Code များအား ဖြည့်စွက်၍ “Confirm Payment” အား နှိပ်ပြီး "Pay now" ကို Click နှိပ်ရန်၊

အဆင့်(၄) OTP Code ကို Card ပြုလုပ်ရာတွင် အသုံးပြုခဲ့သည့် Email Address သို့မဟုတ် ဖုန်းနံပါတ်သို့ ဝင်ရောက်ကြည့်ရှု၍ ရယူရန်၊
အဆင့်(၅) OTP Code ရရှိပြီးပါက ဖြည့်စွက်ရမည့် သတ်မှတ်ကာလအတွင်း OTP Code ဖြည့်စွက်ရမည့်နေရာတွင် ဖြည့်စွက်၍ “Submit” အား Click နှိပ်ရန်၊


"CBPay" ဖြင့် ငွေပေးသွင်းရန်အတွက် လိုအပ်သည့်အဆင့်များ
အဆင့်(၁) ငွေပေးသွင်းနိုင်ရန်အတွက် CBPay အကောင့်အား ဖွင့်ရန်လိုအပ်ခြင်း၊
အဆင့်(၂) ဖော်ပြထားသည့် Terms and Conditions အား ဖတ်ရှု၍ သဘောတူပါက “Agree” နေရာတွင် Click နှိပ်၍ Continue ကို ဆက်လက်၍ Click နှိပ်ရန်၊
အဆင့်(၃) QR ကုဒ်အား CBPay ဖြင့် scan ဖတ်ပြီး "Confirm" ကို နှိပ်ရန်၊
အဆင့်(၄) QR ကုဒ်အောက်မှ "Click here after you pay." ကို နှိပ်ရန်၊