FAQs
Q: လိုင်စင်အမျိုးအစားအလိုက်လုပ်ငန်းလိုင်စင်ကြေးများအား မည်သို့သိရှိနိုင်မည်နည်း။
A: ပင်မစာမျက်နှာရှိ လိုင်စင်ဆိုင်ရာအမိန့်များတွင် ဖတ်ရှုနိုင်ပါသည်။
Q: ငွေပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားအား မည်သို့ထုတ်ယူရရှိနိုင်မည်နည်း။
A: ငွေပေးသွင်းပြီးပါက လုပ်ငန်းတည်ရှိရာ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ရုံးခွဲများသို့ဆက်သွယ်၍ လိုင်စင်ထုတ်ယူရရှိနိုင်ရေးဆောင်ရွက်နိုင်ပါသည်။
Q: လုပ်ငန်းအလိုက် ငွေပေးသွင်းမှုမှားယွင်းဆောင်ရွက်မိပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်/ နည်းလမ်းများ သိရှိလိုပါသည်။
A: ငွေပိုမိုမှားယွင်းပေးသွင်းမိပါက နောက်တစ်ကြိမ် လိုင်စင်အသစ်လဲလှယ်ခြင်း ဆောင်ရွက်သည့်အခါ ခုနှိမ်ပေးမည်ဖြစ်ပါသည်။ (ဘဏ္ဍာရေးဌာန၏ အတည်ပြုချက်ရယူရန်။)
A: ငွေပေးသွင်းမှု လျော့နည်းပေးသွင်းမိပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ရုံးခွဲမှ ငွေပေးသွင်းဆောင်ရွက်သူထံ ဆက်သွယ်အကြောင်းကြား၍ လိုငွေအားပြန်လည်ပေးသွင်းစေမည်ဖြစ်ပါသည်။(ဘဏ္ဍာရေးဌာန၏ အတည်ပြုချက်ရယူရန်။)
Q: e-payment ဖြင့် ငွေပေးသွင်းပြီးပါက လုပ်ငန်းလိုင်စင်ကတ်ပြားထုတ်ယူရန် ရက်ပေါင်းမည်မျှကြာနိုင်မည်နည်း။
A: e-payment ဖြင့် ငွေပေးသွင်းပြီးပါက လုပ်ငန်းတည်ရှိရာ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ရုံးခွဲသို့ ငွေသွင်းပြေစာပြသ၍ သွားရောက်ထုတ်ယူနိုင်မည်ဖြစ်ပါသည်။
Q: e-payment ဖြင့် အသုံးပြုလိုခြင်းမရှိပါက ယခင်အတိုင်း သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ရုံးခွဲများတွင် ငွေပေးသွင်းဆောင်ရွက်မှု ပြုလုပ်ရနိုင်ပါသလား။
A: လိုင်စင်ကြေး/ဝန်ဆောင်ကြေးအတွက် ငွေပေးသွင်းမှုများအတွက် လွယ်ကူလျင်မြန်စေရန် ဆောင်ရွက်ထားရှိပြီးဖြစ်သဖြင့် e-payment စနစ်ဖြင့်သာ ဆောင်ရွက်ရရှိနိုင်မည်ဖြစ်ပါသည်။